- အဲ့ဒါ ....
ငါတို့ရဲ့ မြို့လေးပေါ့ ...။
- ကညင်ချောင်းနံဘေးမှာ
တိတ်တိတ်လေး ခွေအိပ်နေတတ်တဲ့ မြို့လေး
နှစ်လုံး, သုံးလုံး, Voucher တွေနဲ့
မတ်ပဲအိတ်, ဆန်အိတ်တွေကို
သူရင်ဘက် ပိန်ပိန်လေးထဲ
မဆန့်မပြဲ သိပ်သိပ်ထည့်ထားရတတ်တဲ့ မြို့လေး .... ။
- စိတ်ကူးကြည့်ရုံနဲ့
တမျှော်တခေါ် ကုဣိုတန်းတွေ
ရိုးမကျော်ဆည်းဆာတိမ်တွေကို
အိပ်မက်စေနိုင်တဲ့ မြို့လေး
ဗိုလ်အောင်ကျော်ကစလို့
.... အဆုံး
သွေးရဲ တတ်သူတွေကိုမှ မွေးထုတ်ပေးတဲ့ မြို့လေး ..... ။
ီတချိန် တုန်း က Down town attack ဆင်နွဲခဲ့သူတွေဟာ
အင်ဂျင်နီယာတွေဖြစ်
ဆရာဝန်တွေဖြစ်
ကုန်သည်ပွဲစားကြီးတွေဖြစ်
တစ်ချို့တွေကလဲ ...
တစ်ချို့တွေဖြစ် ... ပေါ့ .. ။
- ခုတော့လဲ
ဘူတာအုတ်ခုံလေးပေါ်မှာ
စောင်ခြုံ ဂစ်တာ ညတွေငါတို့ မဖန်တီးနိုင်တော့ဘူး .. ။
- မဟာသီရိ ပွဲတော်ညတွေမှာ
ဆီမီးတိုင် မီးပုံးတွေ အောက်က
လရောင်ဆမ်း ချစ်သူ့မျက်နှာကို ရှာမတွေ့တော့ဘူး ... ။
- ကထိန်အိုးစည်သံတွေကြားတိုင်း
ပလွေသံ ၊ စာဥသီချင်းနဲ့
အလှူခံထွက်ဖို့
ကျွဲသိုး က,ချင်လို့ မရတော့ဘူး ... ။
- ဇီးကုန်းရွာ ထန်းတောမှာ
ကြက်ကြော်နဲ့ ထန်းရည်ကို
မြူအိုးနဲ့ တ၀တပြဲ သောက်လို့မရတော့ဘူး .... ။
á တိုတောင်းလွန်းတဲ့ ခရီးမှာ
(ငါတို့ .... )
အိပ်မက်မျှားသူတွေက
အမြင့်ဆုံး ရောက်အောင်ပျံရင်း
အဝေးဆုံး ရောက်အောင်သွားရင်း
မြို့လေးရဲ့ သူစိမ်းဆန်ဧည့်သည်တွေ ဖြစ်မှန်းမသိဖြစ်လို့ ... ။
- တကယ့်တကယ်
အိမ်ပြန်ဒဏ်ရာတွေ အတွက်တော့ 
Placebo တစ်ခွက်တောင် ရှာလို့မတွေ့ပါဘူး .... ။
- အဝေးမှာ
ရထားဥသြသံ သဲ့သဲ့ ကြားတယ်
ဒါ ...
ရန်ကုန် - ပြည်ရထားလား
မြို့ပတ်ရထားလား
ပုသိမ်-ကြံခင်း အမြန်ရထားသံတော့ မဟုတ်တာတော့ သေချာတယ် ... ။
- ဘာပဲဖြစ်ဖြစ်ပေါ့လေ
လက်ချိုးရေတဲ့နေ့တွေ
(၃၆၀) ကျော်သွားရင်တော့
အိမ်ပြန်ချိန်တွေကို မျှော်ရဦးမယ် .... ။
သားငယ်
၂၈.၁၂.၂၀၁၁
အဝေးရောက် မဲဇလီကုန်းသားများသို့ ..... ။
Singapore နှင့် Malaysia မှ သူ ငယ် ချင်း များ အ တွက် ဝေ င လိုက် ပါ သည်
-
-- မူရင်း ကဗျာ ရေး သား သူ
ဒေါက်တာ ဇော်လင်း @ သားငယ်