Thursday, June 9, 2011

နာကျင်ခြင်း လားရာ

ပြဇာတ်ဆန်လိုက်ပုံများ ……

ဝေဒနာတံဆိပ် ကပ်တဲ့

အဆုံးသတ်တာ ခြောက်တိခြောက်ကပ် စွန်းပေလို့ ။

ဘယ်သူက ဘယ်သူ့ကို အပျော်ကြံခဲ့တာလဲ

ဘယ်သူ့ နှလုံးသား ကျောပြင်က

ပူလောင်ပေါက်ပြဲလို့

ဘယ်သူ့အရိပ်ကများ

ရှည်လျားအေးခဲ ကျန်ခဲ့မှာတဲ့လဲ ။

ချစ်ခြင်းတရားနဲ့မှ

ထွေခင်းတမ်း ကစားခဲ့ကြတာကိုး …..။

ဒီလိုနဲ့

ရေစိုခြင်းကင်းတဲ့ April

ဖြေမဆည် အပူသည် ရက်စွဲတွေက

ပြဇာတ်ဆန်နေလိုက်ပုံများ …..။

သားငယ်

April (2011)

No comments: