Monday, June 13, 2011

CHRONIC ULCER

ဘယ်တော့မှ မကျက်တော့ဘူး

သွေးလည်း သိပ်မထွက်တော့ဘူး

အဲဒီ နာကျင်မှုကလည်း

ဘယ်တော့မှ ပျောက်မသွားဘူး ။

ပြန်လာမှာလား …..

0950 …..

Ph တစ်ချက်ဆက်ရုံနဲ့ ။

အဆင်ပြေသွားမှာလား …..

ရင်ခွင်တံခါးကို

နောက်တစ်ကိုယ်စာ ဖွင့်ပေးရုံနဲ့ ။

အသိစိတ်မဲ့ရေစီးမှာ

အဲ့ဒီချစ်ခြင်းက

ဟာလာဟင်းလင်း အဆိပ်သင့်စေလို့ ။

ဒီလိုပါပဲ

ဒီလိုပါပဲလေ

ဘယ်တော့မှ မကျက်တော့ဘူး

သွေးလည်း သိပ်မထွက်တော့ဘူး …..။

သားငယ်

November (2010)

(Chronic Ulcer = ကျက်ရန် ခက်ခဲသောအနာ၊ တီဘီရောဂါနှင့် ကင်ဆာရောဂါ တို့တွင် တွေ့ရသော အနာမျိုး)

No comments: