- အမေကနေမွေးဖွားသားဆိုတဲ့ငါဟာ
တခါကအပြစ်ကင်းသန့်စင်တဲ့စက္ကူတစ်ရွတ်
ငါ့ရဲ့အရောင်ကအဖြူ
- ဒီလိုနဲ့ အချိန်ကာလ ကြာမြင့်
ငါ့အမြင့် မတင့်တော့
တစ်ချို့ကကွဲကျေ တချိုညစ်ပတ်နေကြ
တစ်ချို့ကအရောင် မမှန်တော့
- အမေသားရိုးသားပါရစေ
မြန်မာဆိုတာရိုးသားတယ်
ကြိုးစားတယ်
ဒေါင်းဆိုတာကထိရင် မခံတတ်ဘူးအမေ
ရရင်ရရမရရင်ချ
- ဒါပေမဲ့ဒါတွေကို
သားမေ့ထားတာသုံးနှစ်ပြည်ခဲ့ ပြီ
- Air Con နဲ့ MRT ဟာသက်တောင်သက်သာရှိပေမဲ့
ပုသိမ်-ကြံခင်း အနှေးရထား ကိုလွမ်းတယ်
Pizza ထက်ဒေါ်တုတ်ရဲ့ဘိန်းမုန့်ကိုလွမ်းတယ်
Old Chang Keeထက် ဘူတာနားက ဒေါ်ညိုရဲ့အကြော်ဆိုင် ကိုလွမ်းတယ်
East Coast ထက် ကညင်ချောင်း ကိုလွမ်းတယ်
- ကျွန်တော့ကိုခင့်လွှတ်ပါအမေ
ပင်စင်ယူသွားတဲ့အဖေတို့အမေတို့အတွက်
ကျွန်တောတို့မောင်နမတတွေ
ခွပ်ဒေါင်းစိတ်ဓါတ်ခဏဘေးဖယ်ထားပြီး
Singapore မှာရုန်းကန်နေဆဲပါ
- တနေ့တော့ သားတို့မောင်နမတတွေ
ပြန်လာကြမာပါ
အဲဒီနေ့ဟာဧည့်စာရင်းတိုင်စရာမလိုတော့တတနေ့ ဖြစ်တယ်
အဲဒီနေ့ဟာသေနတ်သံတွေမကြားတော့တဲ့နေ့ ဖြစ်တယ်
အဲဒီနေ့ဟာ------------------------------
Singapore တွင်နေထိုင်ခြင်း သုံး နှစ် မြောက် အထိန်းအမှတ် ရင် နှင့် ရင်း ပြီး ရေး ဖွဲ့ ပါ သည်
3 comments:
ခွပ်ဒေါင်းစိတ်ဓါတ်ခဏဘေးဖယ်ထားပြီး
Singapore မှာရုန်းကန်နေဆဲပါ
ကဗျာလေး ဖတ်သွားပါတယ် :)
တူတူပါပဲ ကိုဘုန်းမြတ်ကျော်ရေ....
ခင်တဲ့
မချစ်
ကျေး ဇူး ပါ မ ချစ်
ကျိုး စားပါ့ မယ်
ကောင်းလိုက်တာ ကိုဘုန်းမြတ်ကျော်ရေ့
သန္တာ
Post a Comment