Monday, June 13, 2011

CHRONIC ULCER

ဘယ်တော့မှ မကျက်တော့ဘူး

သွေးလည်း သိပ်မထွက်တော့ဘူး

အဲဒီ နာကျင်မှုကလည်း

ဘယ်တော့မှ ပျောက်မသွားဘူး ။

ပြန်လာမှာလား …..

0950 …..

Ph တစ်ချက်ဆက်ရုံနဲ့ ။

အဆင်ပြေသွားမှာလား …..

ရင်ခွင်တံခါးကို

နောက်တစ်ကိုယ်စာ ဖွင့်ပေးရုံနဲ့ ။

အသိစိတ်မဲ့ရေစီးမှာ

အဲ့ဒီချစ်ခြင်းက

ဟာလာဟင်းလင်း အဆိပ်သင့်စေလို့ ။

ဒီလိုပါပဲ

ဒီလိုပါပဲလေ

ဘယ်တော့မှ မကျက်တော့ဘူး

သွေးလည်း သိပ်မထွက်တော့ဘူး …..။

သားငယ်

November (2010)

(Chronic Ulcer = ကျက်ရန် ခက်ခဲသောအနာ၊ တီဘီရောဂါနှင့် ကင်ဆာရောဂါ တို့တွင် တွေ့ရသော အနာမျိုး)

အလိမ်ခံ

နင်ခြွေချခဲ့တော့

မြေမခ မိုးစက်တွေနဲ့

ဖြေမရခဲ့ သူရယ်ပါ ။

ကျိန်စာလွယ် နှုတ်ခမ်း

ပုံပြင်ဆန် ဇာတ်လမ်းနဲ့

အနမ်းရိုင်းရိုင်း ရာသီတွေကိုမှ

ညွှတ်ခ ဦးတိုက်

ရူးရူးမိုက်မိုက် အလိုက်မှားခဲ့ သူပါ ။

တမ်းတရခြင်းတွေကို

အလွမ်းခ သီချင်းတွေဖွဲ့လို့

နွမ်းလျ ညခင်းတွေထဲ

အက်ကွဲ အေးခဲတိတ်ဆိတ်

အိပ်မရအောင် ညဉ်းခဲ့ရသူပါ ။

အေသင်ရဲ့ အဆိပ်သီးတွေကိုမှ

တခုပ်တရ ခူးဆွတ်ခဲ့မိတာ

နောက်ဆုံးတော့လည်း

ငါတစ်ယောက်တည်း

မိုးသည်းထဲမှာ ကြွေ

တစေ လို အဆင်းနဲ့

ခြေခင်းမသာတဲ့ နေ့တွေထဲ

မမြင်နိုင်အောင် မှောင်မဲခဲ့တယ် ။

သားငယ်

April (2000)

Thursday, June 9, 2011

နာကျင်ခြင်း လားရာ

ပြဇာတ်ဆန်လိုက်ပုံများ ……

ဝေဒနာတံဆိပ် ကပ်တဲ့

အဆုံးသတ်တာ ခြောက်တိခြောက်ကပ် စွန်းပေလို့ ။

ဘယ်သူက ဘယ်သူ့ကို အပျော်ကြံခဲ့တာလဲ

ဘယ်သူ့ နှလုံးသား ကျောပြင်က

ပူလောင်ပေါက်ပြဲလို့

ဘယ်သူ့အရိပ်ကများ

ရှည်လျားအေးခဲ ကျန်ခဲ့မှာတဲ့လဲ ။

ချစ်ခြင်းတရားနဲ့မှ

ထွေခင်းတမ်း ကစားခဲ့ကြတာကိုး …..။

ဒီလိုနဲ့

ရေစိုခြင်းကင်းတဲ့ April

ဖြေမဆည် အပူသည် ရက်စွဲတွေက

ပြဇာတ်ဆန်နေလိုက်ပုံများ …..။

သားငယ်

April (2011)