Saturday, August 27, 2011

အမေသို့ တိုင်တည်ခြင်း


  • အမေကနေမွေးဖွားသားဆိုတဲ့ငါဟာ

တခါကအပြစ်ကင်းသန့်စင်တဲ့စက္ကူတစ်ရွတ်

ငါ့ရဲ့အရောင်ကအဖြူ

  • ဒီလိုနဲ့ အချိန်ကာလ ကြာမြင့်

ငါ့အမြင့် မတင့်တော့

တစ်ချို့ကကွဲကျေ တချိုညစ်ပတ်နေကြ

တစ်ချို့ကအရောင် မမှန်တော့

  • အမေသားရိုးသားပါရစေ

မြန်မာဆိုတာရိုးသားတယ်

ကြိုးစားတယ်

ဒေါင်းဆိုတာကထိရင် မခံတတ်ဘူးအမေ

ရရင်ရရမရရင်ချ

  • ဒါပေမဲ့ဒါတွေကို

သားမေ့ထားတာသုံးနှစ်ပြည်ခဲ့ ပြီ

  • Air Con နဲ့ MRT ဟာသက်တောင်သက်သာရှိပေမဲ့

ပုသိမ်-ကြံခင်း အနှေးရထား ကိုလွမ်းတယ်

Pizza ထက်ဒေါ်တုတ်ရဲ့ဘိန်းမုန့်ကိုလွမ်းတယ်

Old Chang Keeထက် ဘူတာနားက ဒေါ်ညိုရဲ့အကြော်ဆိုင် ကိုလွမ်းတယ်

East Coast ထက် ကညင်ချောင်း ကိုလွမ်းတယ်

  • ကျွန်တော့ကိုခင့်လွှတ်ပါအမေ

ပင်စင်ယူသွားတဲ့အဖေတို့အမေတို့အတွက်

ကျွန်တောတို့မောင်နမတတွေ

ခွပ်ဒေါင်းစိတ်ဓါတ်ခဏဘေးဖယ်ထားပြီး

Singapore မှာရုန်းကန်နေဆဲပါ

  • တနေ့တော့ သားတို့မောင်နမတတွေ

ပြန်လာကြမာပါ

အဲဒီနေ့ဟာဧည့်စာရင်းတိုင်စရာမလိုတော့တတနေ့ ဖြစ်တယ်

အဲဒီနေ့ဟာသေနတ်သံတွေမကြားတော့တဲ့နေ့ ဖြစ်တယ်

အဲဒီနေ့ဟာ------------------------------

Singapore တွင်နေထိုင်ခြင်း သုံး နှစ် မြောက် အထိန်းအမှတ် ရင် နှင့် ရင်း ပြီး ရေး ဖွဲ့ ပါ သည်